MYANMAR EGRESS
mm_egress.jpg
Welcome
Username:

Password:


Remember me

[ ]
[ ]
Online
Guests: 7, Members: 0 ...

most ever online: 44
(Members: 1, Guests: 43) on 10 Mar : 14:04

Members: 728
Newest member: angelnwe
 အိပ်မက်က ပြောသောစကားများ

Black dream  ဆိုတဲ့ မဟူရာအိပ်မက်နဲ့ လောကအလှတို့ စကား ပြောဖြစ်ခဲ့ပါတယ်။

ဘယ်အချိန်က စလို့ ဘလော့ဂ်ရေးတာပါလဲ။

ကျွန်တော် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က စပြီး Blogspotမှာ
http://blackdream21.blogspot.com ဆိုတဲ့ နာမည်နဲ့ စရေးခဲ့ပါတယ်။ ၆လခန့်ကြာတဲ့အခါမှာ www.blackdream21.com
ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။
၂၀၀၈ ခုနှစ် စက်တင်ဘာမှာ Blogspot အစား  Wordpress ကို စတင် အသုံးပြုခဲ့ပါတယ်။ အခုအချိန် ထိပါပဲ။

ပြည်ပကိုရောက်တာ ကြာပါပြီလား။

ကျွန်တော့် Blog စရေးတဲ့နေ့က ကျွန်တော် ပြည်ပကို ရောက်တဲ့တစ်နှစ် ပြည့်တဲ့ နေ့ပါ။ အခု ကျွန်တော့် Blog သက်တမ်းက နှစ်နှစ်ဆိုတော့
ကျွန်တော် ဒီရောက်တာ ၃ နှစ်ပြည့်ခဲ့ပါပြီ။ အခုတော့ ကျော်သွားပြီပေါ့။

ပညာရေးက ဘာတွေလုပ်နေတာပါလဲ။

အခု ဒီမှာ အင်ဂျင်နီယာဘာသာရပ်နဲ့ ပတ်သတ်ပြီး ဘွဲ့လွန်သင်တန်း တက်နေပါတယ်...။

ပြည်ပမှာ နေထိုင် ပညာသင်ယူရတာ အခက်အခဲတွေ ရှိပါသလား။

ကိုယ့်ရေ ကိုယ့်မြေမှာလောက်တော့ ဘယ်မှာမှ လွယ်ကူအဆင်ပြေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ အဆင်ပြေမှုတွေ
ရှိနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံနဲ့ မပြီးနိုင်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုနဲ့ လုံခြုံမှုဟာ လည်း အရေးကြီး တယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို နားလည်နိုင်မှုတွေကလည်း အရေးပါ ပါတယ်။

ဒါက အားလုံးအတွက် ခြုံငုံသုံးသပ်ကြည့်တာပါ။ ကျွန်တော် လက်ရှိ ပညာ သင်ကြားနေတဲ့နေရာမှတော့ အခြေအနေက နည်းနည်း ပိုရှုပ်ထွေး ပါတယ်။
နိုင်ငံတကာသုံး ဘာသာစကားကို အသုံးပြုရတာမဟုတ်ပဲ။ သူတို့ မိခင် ဘာသာစကားကိုသာ အသုံးပြုကြတာမို့ ပိုပြီး အခက်အခဲတွေ ရှိပါတယ်။

အားလပ်ချိန်မှာ ဘလော့ဂ်ရေးတယ်ဆိုပေမယ့် ဘလော့ဂ်ပို့စ်တွေ အတော်လေး စုံလင်လှပြီး စာဖတ်ပရိသတ်နဲ့လည်း အတော်လေး
ပျော်ပျော်ရွှင်ရွှင်ပြောဆိုထားတာ တွေ တွေ့ပါတယ်။ အချိန်ကို ဘယ်လို စီမံခန့်ခွဲပါသလဲ။


ကျွန်တော် အရင်က စာတော်တော်ဖတ်ဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကိုယ်လည်း သူတို့လို ရေးကြည့်ချင်တဲ့ စိတ်တွေ ပေါ်လာပါတယ်။ ဒါနဲ့ပဲ ကိုယ့်ဘာသာ ကိုယ် စာအုပ်လေးတွေထဲမှာ ကဗျာတွေ ဘာတွေ ချရေးဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ နောက်ပိုင်းမှာ Internet တွေ ဘာတွေပေါ်လာတော့ Planet Myanmar လိုနေရာ မျိုးမှာစပြီး ကဗျာတွေကို Internet ပေါ် စတင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အခြေအနေ အကြောင်းကြောင်း ကြောင့် ဆက်ပြီး မရေးဖြစ်တော့ပါဘူး။ ဒါနဲ့ ပြည်ပကိုရောက်လာတဲ့ အခါမှ ဒီစိတ်က တစ်ဖန် နိုးကြွလာပါတယ်။ အဲ့ဒီ့အချိန်မှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကနေ တဆင့် Blog ဆိုတဲ့ အရာနဲ့ စတင် ထိတွေ့ သိရှိ ခဲ့ပါတယ်။

ကျွန်တော် စရေးရေးတုန်းက ဘာရေးလို့ ရေးရမှန်းမသိပါဘူး။
စမ်းတ၀ါးဝါးပါပဲ။ နည်းပညာနဲ့ ဆိုင်တာဆိုလည်း ရေးပါတယ်။ ကဗျာ ဆိုလည်း တင်ပါတယ်။ Software ဆိုလည်းတင်ပါတယ်။ ကာတွန်းတွေက အစ ကိုယ်ကြိုက်တာလေးတွေ တွေ့ရင် တင်ပါတယ်။ တစ်ခုမှ မစွံပါဘူး။

ကိုယ်တိုင်ကလည်း သူများဘလော့ဂ်တွေ လိုက်လည်ရကောင်းမှန်း မသိတော့..။ ဘယ်သူမှလည်း ကိုယ့်ဘလော့ဂ်ကို မလာကြပါဘူး။  ဒီလိုနဲ့ပဲ ရေးလိုက် ရပ်လိုက် ဖြစ်နေရာက ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့ အသေအချာ တိုက်တွန်းမှုကြောင့် တစ်စိုက်မတ်မတ် ရေးသားဖြစ်လာခဲ့ပါ တယ်။ သူ့ရဲ့အကြံ ပေးမှုနဲ့ပဲ ကျွန်တော် ဘာကို အဓိက ရေးမယ်ဆိုတာကို
စဉ်းစားရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီ့မှာပဲ ကျွန်တော် ၀တ္ထုတို ( ကျွန်တော် ကတော့ Essay လို့ပဲ သတ်မှတ်ပါတယ် ) ရေးတဲ့ အပိုင်းကို ရွေးချယ်ခဲ့ ပါတယ်။ အခုအချိန် ထိပါပဲ။ တစ်ခါတစ်လေတော့ ကျွန်တော် ဆောင်းပါး ဆန်ဆန် ပို့စ်များ လည်း ရေးသားဖြစ်ခဲ့ပါတယ်။

ကျွန်တော် Blog ရေးတယ်ဆိုတာက ကျွန်တော်ဝါသနာပါတဲ့ စာရေးသားခြင်းအတွက်၊ အဓိကထားတာ ဖြစ်တဲ့အတွက် သီးသန့်ကြီး အချိန်ပေးစရာ မလိုပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ခံစားရတာ ပြောချင်တာ ရှိလာတဲ့အခါမှ အာရုံစိုက်ပြီးချရေးလိုက်ပါတယ်
။ ရင်ထဲဘာမှ မရှိတဲ့အခါမှ ဘာမှ မရေးပါဘူး။ ဒီအတိုင်း ပြစ်ထားတာ တစ်ခါတစ်လေ ၁ ပတ် ၂ ပတ်လောက် အထိ ကြာတတ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်တော့ Blog ရေးဖို့ သီးသန့် အချိန် ခွဲဝေ သတ်မှတ်ထားစရာ မလိုခဲ့ပါဘူး။

ဘယ်လို စာပေမျိုးကို ဝါသနာပါ ပါသလဲ။

ဘယ်လို စာပေမျိုးကို ၀ါသနာပါသလဲ ဆိုတာထက် ဘယ်လို စာပေ အရေး အသားမျိုးကို ကျွန်တော် ပိုနှစ်သက်တယ်ဆိုတာကိုပဲ ပြောပါရစေ။ ကျွန် တော့်အတွက် စာပေအမျိုးအစားက အဓိကမကျပါဘူး။ စာပေ အရေးအသား နဲ့ စာရေးတဲ့သူရဲ့ အတွေးအခေါ်၊ တင်ပြပုံကိုပဲ အဓိကထားပြီး ဖတ်ဖြစ် ပါတယ်။ စဉ်းစားစရာ၊ တွေးတောစရာ ပါတဲ့အရေးအသား၊ အကြောင်းအရာ တစ်ခုကို အတုံးလိုက် အတစ်လိုက် ချပြတာမျိုးမဟုတ်ဘဲ စာဖတ်သူရဲ့ ရင်ထဲကို ပါးပါးလေးနဲ့ နက်နက်နဲနဲ ၀င်ရောက်သွားအောင် ရေးနိုင်တဲ့ အရေးအသားမျိုး..။ နောက်ဆုံး ရိတယ် ထေ့တယ်ဆိုလည်း ဆရာ မင်းလူတို့လို မျိုး ပညာသားပါပါနဲ့ မထိခလုတ် ထိခလုတ်လုပ်တဲ့ အရေးအသားမျိုးတွေကို ကျွန်တော် တော်တော်လေး နှစ်သက်ပါတယ်။

အက်ဆေး အရေးအသားမှာ အတော်လေး ကောင်းမွန်တာကြောင့် မြန်မာစာပေကို ဘယ်လိုလေ့လာခဲ့တာပါလဲ။

ကျွန်တော် မြန်မာစာညံ့ပါတယ်။ အခုထိလည်း စာလုံးပေါင်းတွေ မှားတုန်း ပါ။ ကျောင်းမှာတုန်းကလည်း စာစီစာကုံးဆို ကျွန်တော်ရေးသမျှ အမြဲတမ်း ဆရာမ ခြစ်ချတာ ခံရပါတယ်။ ဒါကြောင့် ကျွန်တော့်အထင်တော့
ကျွန်တော့် အရေးအသားဟာ မြန်မာစာကို လေ့လာခဲ့တဲ့ အပေါ်မှာတော့
တိုက်ရိုက်ကြီး မူတည်နေတယ်လို့ ကျွန်တော်မထင်ပါဘူး။

အက်ဆေးအရေးအသားကောင်းတယ်ဆိုတာနဲ
့ ပတ်သတ်လို့ ကျွန်တော့် အနေနဲ့ကတော့ ကိုယ့်ကိုယ်ကို အခုချိန်အထိ အားမရသေးတာ အမှန်ပါ။ အပြင် စာရေးဆရာတွေထဲက မဟုတ်ဘဲ Blog ရေးသားသူတွေထဲကပဲ ဆိုရင် တကယ် အက်ဆေး အရေးအသားကောင်းတဲ့သူဟာ ကိုမင်းတစေ လို လူမျိုးကိုပဲ သတ်မှတ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ခုရှိတာက အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော် မြန်မာစာညံ့ပေမယ့် ကျွန်တော်ရေးတဲ့စာတွေကို သူ့အတိုင်းအတာနဲ့ သူ အများကြီး မဟုတ် တောင် နှစ်သက်ကြပါတယ်။ အဲ့ဒါဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် အထင် ကျွန်တော်ရဲ့ Essay တွေကို ကျွန်တော် ဘာသာစကားနဲ့
မရေးဘဲ ရင်ထဲက ခံစားချစ်စစ်စစ်နဲ့ ရေးတဲ့အတွက် သူတို့ရင်ထဲ
တည့်တည့်ရောက်သွား တယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။

ပါစင်နယ်ဘလော့ဂ်အပြင် အခြား နည်းပညာ ဝေမျှတဲ့ အင်တာနက်
စာမျက်နှာများရော ရှိပါသလား။


ရှိပါတယ်။ ကျွန်တော် Myanmar Genius ဆိုတဲ့ Forum တစ်ခုနဲ့ MMGenius ဆိုတဲ့ wpmu ကိုအခြေခံတဲ့ blog service ဆိုဒ်တွေကို တည်ထောင် ထားပါတယ်။ ဒီကြားထဲ အခွင့်အရေး ရရင် ရသလို Web Site အချို့ကို အခကြေးငွေယူကာ လုပ်ဆောင်ပေးခြင်းဖြင့် မုန့်ဖိုးရှာပါ တယ်။

ဘလော့ဂ်ရေးရတာ ဘာကောင်းပါသလဲ။

ဘလော့ရေးတာ တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်၊ ယုံကြည်ချက်၊ ခံစားချက် မတူကြပါဘူး။ ဒါကြောင့် အမြင်လဲမတူနိုင်ပါဘူး။ တချို့က
အပျော်ရေးတယ်၊ အပေါင်းအသင်းအသစ်တွေလိုချင်လို့
ရေးတယ်။ အချို့က
နည်းပညာတွေ၊ ကိုယ်သိထားတာတွေ မျှဝေခြင်လို့ ရေးတယ်.။ အချို့က ရင်ထဲမှာ စီးဆင်းနေတဲ့ အနုပညာကို ဖြန့်ခင်းပြဖို့အတွက်ရေးတယ်။
ဘယ်လိုပဲရေးကြရေးကြပါ.. အကျိုးရှိတာရေးရင်တော့ ရလဒ်အကျိုးကျေးဇူး ဟာ အကောင်းတွေပဲ များနိုင်ပါတယ်။

အားလပ်ချိန်မှာ ဘာတွေ လုပ်ပါသလဲ။

ကျွန်တော် ဘောလုံးကန်ပါတယ်.။ ဂစ်တာတီးပါတယ်။ ဓာတ်ပုံ လိုက်ရိုက် ပါတယ်။ ဘာမှ လုပ်စရာမရှိရင် ရုပ်ရှင်ကြည့်ပါတယ်။ များသောအားဖြင့် တော့ ကျွန်တော်တို့လုပ်ထားတဲ့ နည်းပညာဆိုဒ်တွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို လိုက်ဖြေရှင်းပေးတာ၊ ပြင်တာ ဆင်တာနဲ့တင်အချိန်
ကုန်နေတာ များ ပါတယ်။

စိတ်ဖိစီးမှုတွေ ကြုံလာရင်ရော ဘယ်လို ဖြေရှင်းအောင်မြင်ပါသလဲ။

သန်းခေါင်ထက် ညဥ့်မနက်ပါဘူး။ စိတ်ညစ်စရာပဲ ဖြစ်ဖြစ် ပျော်ရွှင်စရာပဲ
ဖြစ်ဖြစ် ဘယ်အရာမှ မမြဲပါဘူး။ အားလုံး ခဏပါပဲ။ ကျွန်တော် အဲ့လိုပဲ
ခံယူပါတယ်။ ငိုချင်လာသလား... ငိုချလိုက်ပါ။ ကိုယ့်ကိုယ်ကို ဘာမှ မဖြစ်ဘူး ဆိုပြီး မလိမ်ပါနဲ့။ အရှိကို အရှိအတိုင်း လက်ခံလိုက် ပါ။ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း နားလည်လိုက်ပါ။ ဒါဆို ကျွန်တော်တို့တွေ အတိအကျသက်သာရ ရသွားပါလိ့မ်မယ်။ အရာရာတိုင်းဟာ အကြောင်း ရှိလို့ အကျိုးရှိ လာခဲ့တာပါ။ ကျွန်တော်တို့ ခံစားရတဲ့ စိတ်ဖိစီးမှု ဆိုတာ ကလည်း ကျွန်တော်တို့ အတိတ်ရဲ့ အရိပ်ပါပဲ။ လွှဲရှောင်လို့မရပါဘူး။ ကျွန်တော့်အတွက် ကတော့ မှတ်မှတ်ရရ ကျွန်တော် ၉ တန်းမှာ ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဆောင်ပုဒ်လေးအတိုင်းနေပါတယ်။ အခုထိပါပဲ။

"ဘ၀ကို လေးနက်စွာခံယူပြီး..။ ပေါ့ပါးစွာ ဖြတ်သန်းပါ" ဆိုတာပဲ ဖြစ်ပါတယ်။

ခုလောလောဆယ်ဘာတွေ လုပ်နေပြီး အနာဂတ်အစီအစဉ် ဘာတွေ လုပ်မယ် စိတ်ကူးထားပါသလဲ။

အခုလောလောဆယ် ထိပ်ဆုံးဦးစားပေးကတော့ ကျောင်းတွေ ပြန်ဖွင့်နေတဲ့ အတွက် ကျောင်းစာတွေနဲ့ နပန်းလုံးနေပါတယ်။ ဒီနွေရာသီတစ်လျှောက် ကျွန်တော် ခရီးတွေ တောက်ရှောက်သွားခဲ့တဲ့အတွက် ပြစ်ထားတာ ကြာ သလောက်ဖြစ်နေပြီ ဖြစ်တဲ့ Forum နဲ့ Blog Service မှာ ဖြစ်နေတဲ့ ပြဿနာ တွေ၊ လိုအပ်ချက်တွေကို လိုက်လုပ်ပေးနေပါတယ်။ ကိုယ်ရေးကိုယ်တာ အနာဂတ်အစီအစဉ်နဲ့ ပါတ်သတ်လို့ကတော့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော့်ရဲ့ မများလှတဲ့ အမာခံ စာဖတ် ပရိတ်သတ် အချို့ရဲ့ အားပေးတိုက်တွန်းမှုကြောင့် ကျွန်တော် နောက်ပိုင်း မဂ္ဂဇင်းတိုက်တွေကို စာမူပို့ဖို့ ဆက်သွယ် ဆောင်ရွက် နေပါတယ်။

ယနေ့ခေတ် မြန်မာလူငယ်များအပေါ် အမြင်လေး သိပါရစေ။

ယနေ့လူငယ်တွေ အမြင်နဲ့ပတ်သတ်လို့ကတော့ ကျွန်တော်
အရင်တစ်ခါပြောခဲ့ဖူးသလိုပါပဲ။ လူငယ်တွေဟာ ထက်မြတ်တယ်။ သိလွယ်
တတ်လွယ်တယ်။ ရဲရင့်တယ်။ စွန့်စားလိုတယ်။ အရေးအကြီးဆုံးအချက်က
အဲ့ဒီ့လို အညွှန့်တလူလူနဲ့ တက်ကြွနေတဲ့စိတ်တွေကို မှန်ကန်တဲ့
လမ်းကြောင်းတစ်ခု၊ အခြေအနေတစ်ခုအပေါ်မှာ လိုက်လျောညီထွေစွာ
အသုံးချနိုင်ဖို့ပါပဲ။

လူငယ်များကို ဘာများအမှာစကားပြောချင်ပါသလဲ။

ကျွန်တော်လည်း လူငယ်တစ်ယောက်ပဲ ဖြစ်တဲ့အတွက် ရွယ်တူအချင်းချင်း
ဆရာကြီးမလုပ်လိုပါဘူး။ ဒါပေမယ့် ကျွန်တော်ပြောချင်တာ တစ်ခုတော့
ရှိတယ်။ လူတိုင်းမှာ အိပ်မက်ဆိုတာရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ့အိပ်မက်ကို အိပ်မက်အဆင့်မှာပဲထားရင် နေ့သစ်တစ်ခုရဲ့ မနက်ခင်းနဲ့အတူ
အရာအား လုံးဟာ ပျက်သုဉ်းပျောက်ကွယ်သွားပါလိ့မ်
မယ်။ တကယ်လို့
ကျွန်တော်တို့အနေနဲ့ ကိုယ့်အိပ်မက်ကို ထာဝရ ပိုင်ဆိုင်ချင်တယ်ဆိုရင် တော့
ကျွန်တော်တို့ အမြဲတမ်းအကောင်းဆုံးဖြစ်အောင်၊ မှန်ကန်သော နည်းလမ်း၊ မှန်ကန်သောအချိန် နဲ့ မှန်ကန်သောနေရာမှာ ကြိုးစားတတ်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့တွေ တကယ်ညီညွတ်ရင် ဘယ်အရာကို မဆို ကျွန်တော်တို့ တွန်းလှန်ရရှိနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

အခုလိုမေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့ မဟူရာအိပ်မက်ကို ကျေးဇူးတင်ပါတယ်။



                                                                                           လောကအလှ





Posted by Admin on Friday 02 October 2009 - 10:24:29 | Comment(s): 0
email to someone  printer friendly   create pdf of this news item
Search Law Ka Ahla
Ads
odmf-170-60.jpg
techno_halo.jpg
dandaryee_copy.jpg
mm_flowers.jpg
mm_insects.jpg
mm_sky.jpg
mm_statues.jpg
                                           maya.jpg
mmphotoshop_logo_copy.jpg
Existence2.jpg
wave_logo1.jpg
yehg.jpg
 
This site is powered by e107, which is released under the terms of the GNU GPL License.