Content
မူလစာမျက်နှာ
အယ်ဒီတာစကား
အတွေးအမြင်
အက်ဆေး
ဟာသ
ကဗျာ
ဆောင်းပါး
ဝထ္တုတို
အင်တာဗျူး
ကျန်းမာရေးကဏ္ဍ
ပညာရေးကဏ္ဍ
ကွန်ပျူတာကဏ္ဍ
ဓာတ်ပုံပြခန်း
အမျိုးသားရေးရာ
အမျိုးသမီးရေးရာ
ပန်းချီ
ဂီတအနုပညာ
ဓာတ်ပုံဒိုင်ယာရီ
ကလေးများအတွက်ကဏ္ဍ
လောကအလှသူငယ်ချင်းများ
MYANMAR EGRESS
Welcome
Username:
Password:
Remember me
[
Signup
]
[
Forgot password?
]
Online
Guests: 6, Members: 0 ...
most ever online: 44
(Members: 1, Guests: 43) on 10 Mar : 14:04
Members: 728
Newest member:
angelnwe
အနုပညာအကြောင်း အနုပညာ
ဟန်သစ်ငြိမ်၏ ဖန်တီးမှု
မေးခွန်း (၁) ဘယ်လိုအရာမျိုးကို အနုပညာအဖြစ်သတ်မှတ်မှာလဲ။
All art is an imitation of nature
(Seneca)
အနုပညာဆိုတာ တစ်စုံတစ်ရာဆိုတဲ့ အဖြေလား၊ ရလာဒ်တစ်ခုလား။ ဖြစ်တည်မှု တစ်ခုလား။
Wiki Dictionary ရဲ့ အဓိပ္ပာယ်တစ်ခုမှာတော့ အနုပညာကို Aesthetic value တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အခြားတစ်ဘက်မှာ ဘာကိုမှ မယ်မယ်ရရ ဆုပ်ကိုင်နိုင်ခြင်း မရှိတာကိုရော အနုပညာအဖြစ် သတ်မှတ်လို့ မရနိုင်ဘူးလား။ ဘာမှမရှိတာကို ရှိတယ်လို့ လက်ခံထားတဲ့ `မရှိခြင်းရဲ့ ရှိခြင်း´ ဒ
ဿ
နကရော အနုပညာနဲ့ ပတ်သက်နေတာပဲလား။ မြန်မာအဘိဓာန်က အနုပညာကို... `ဂီတ၊ ပန်းချီ၊ စာပေ စသော သိမ်မွေ့ထက်မြက်သော ပညာရပ်´ လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။
အနုပညာ ဆိုသည့် စကားလုံးလေးကို
(ယနေ့ထက်တိုင်) မည်သူကမှ ပြည့်စုံအောင် အဓိပ္ပာယ် မဖွင့်ဆိုနိုင်ခဲ့ပါ။ တတ်စွမ်းသမျှသော ဖွင့်ဆိုချက်များသည် တစ်ယောက်နှင့်တစ်ယောက် ကွဲလွဲခဲ့ကြပါသည်။ `အနုပညာဆိုတာ ဒါတော့မဟုတ်ဘူး´ ဟု ပြောနိုင်ကြသော်လည်း `အနုပညာဆိုတာ ဒါပဲ´ ဟူ၍ကား ပြတ်ပြတ်သားသား ဖွင့်ဆိုနိုင်ခဲ့ခြင်း မရှိခဲ့ကြ။ ထိုသို့အနုပညာအပေါ် အမြင်မညီညွတ်မှုများသည် ကွဲလွဲသော အနုပညာ ပုံဆောင်မှုများကိုလည်း ဖြစ်စေခဲ့သည်။
(Source: တာရာမင်းဝေ၊ ပြိုင်မြင်းတို့ရဲ့ ခွာသံ)
တစ်ချိန်တုန်းက အနုပညာရွှေရောင်တောက်ခဲ့တဲ့ ကာလတွေမှာ
'
Art for art's sake' ဆိုတဲ့ စကားလေးကို ပဲ့တင်ထပ်မျှ ပြောစမှတ်ပြုကြတယ်။ ကိုဝေမှူးသွင်က... `အနုပညာဆိုတာဟာ အနုပညာသမားရဲ့ ထင်ရာမြင်ရာပဲ´ လို့ မှတ်ချက်ပြုတာကို ကြားဖူးပါတယ်။
ဆရာဝင်းဖေမြင့်က အနုပညာ စကားဝိုင်းတစ်ခုမှာ... `
အနုပညာဆိုတာ ကြည်နူးမှု ပေးတယ်။ အနုပညာ ပစ္စည်းတွေက ကြည့်တဲ့
viewer
ကိုလေ
ကြည်နူးမှု တစ်စုံတစ်ခု ပေးတယ်
´ လို့ ဖြေသွားတာ ဖတ်ရဖူးပါတယ်။
(source: http://entertainment.phoewa.com/entertainment/talkshow.aspx?id=2)
အနုပညာကို
အနုပညာအဖြစ်သတ်မှတ်ခြင်းသည်
လေထုကို
ဓာတ်ခွဲခြင်းနှင့်
တူပါသည်။
ဓာတ်ခွဲခန်း၌ဖြစ်စေ၊
ပြင်ပ၌ဖြစ်စေ
လေထုသည်
လေထုသာဖြစ်သည်။
ဓာတ်ခွဲခွဲမခွဲခွဲ
လေထုသည်
လေထုသာဖြစ်သည်။
အလားတူ
အနုပညာသည်လည်း
အနုပညာသာ
ဖြစ်သည်ဟု
ဆိုလာလျှင်
လက်ခံနိုင်ပါမည်လား။
ဓာတ်ပုံ။ ။ ဟန်သစ်ငြိမ်
မေးခွန်း
(
၂
)
အနုပညာသမားဆိုတာဘယ်လိုလူလဲ။
လူတိုင်း
အနုပညာသမား
ဖြစ်ပါသလား။
Every human is an artist. The dream of your life is to make beautiful art.
(Don Miguel Ritz)
လူကဲခတ်ပညာမှာတော့... `
လက်သူကြွယ်က လက်ညှိုးထက် ရှည်လျှင် စိတ်ထားနူးညံ့ပြီး အနုပညာကို မြတ်နိုးသောစိတ်ရှိတတ်သည်
´ လို့ ဆရာမင်းလူရဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ရဖူးတယ်။
အနုပညာ တင်ဆက်မှုတစ်ခုကို ကြည့်ရှုနားထောင် ခံစားသည်ဆိုသည်မှာ စိတ်အစာကျွေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အနုပညာ ဖန်တီးရှင်သည် စိတ်အစာထုတ်လုပ်သူဟု ဆိုနိုင်ပါသည်။ ထိုအစာတွင် ရသဟူသော အရသာနှင့် လူမှုရေးအသိ ဟူသော အာဟာရ ဒွန်တွဲပါဝင်နေမှ တန်ဖိုးရှိနိုင်ပါသည်။
Source: အောင်ထင်ဝင်း၊ အခွံ အကာ နှင့် အဆီ အနှစ်၊ ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း၊ အတွဲ (၂၄) အမှတ် (၉)၊ ၂၀၀၈ စက်တင်ဘာလ)
`
အနုပညာမှုပြုသူသည်
အနုပညာသမားဘဲ
... ...
အနုပညာသည်တို့သည် အကြမ်းသမားများ မဟုတ်မူ၍ အနုပြုသမားများပါတည်း။ လူသာမန်တို့ထက် ပိုမိုခံစားတတ်ကြသူများပါတည်း
´ ဟု ဆရာဦးဆောက်ပန်းက အနုပညာသမားဆိုတဲ့ စာတန်းလေးတစ်ခုမှာ ရေးထားတာ ဖတ်ရဖူးပါတယ်။
`ရေကာတာလုပ်ဆောက်တတ်တဲ့ ဘီဗားဖျံလေးတစ်ကောင်ကို လက်ညှိုးထိုးပြီး ထိုဖျံလေးသည် အနုပညာရှင်လော... ထိုရေကာတာသည် အနုပညာပစ္စည်းလော´ ဟု ပညာရှင်တွေ အငြင်းပွားခဲ့ကြတာကို ဆရာ တာရာမင်းဝေရေးတဲ့
ပြိုင်မြင်းတို့ရဲ့ ခွာသံစာအုပ်ထဲမှာ ဖတ်ခဲ့ရဖူးပါသည်။
စစ်မှန်သည့် ပန်းချီသမားတစ်ယောက်ဖြစ်လာရန် မည်သည့်ရာထူး၊
ငွေကြေး၊ အရှိန်အ၀ါ၊ ပကာသနတို့နှင့်မျှ လုပ်ယူ၍မရ၊
အနုပညာအပေါ်
ရိုး
သားစွာ သစ္စာရှိဖို့ လိုအပ်သည်
။
(Source: ပန်းချီဝသုန်၊ ဘ၀နှင့်
လက်ရာများ လေ့လာချက် ဘွဲ့ယူစာတမ်းများ)
မေးခွန်း (၃) အနုပညာတစ်ခုဖြစ်ဖို့ ဘယ်လို ခံယူချက်တွေလိုအပ်ပါသလဲ။
One of the greatest pains to human nature is the pain of a new idea
(Walter Bagehot)
ခံယူချက်မရှိရင် အနုပညာသမား မစစ်ဘူးလို့ တချို့က ပြောကြလေရဲ့။ ခံယူချက်ဆိုတာ ခံစားချက်ကနေ ဆင့်ပွားလာတာလား၊ အတွေ့အကြုံကနေ အရင်းတည်လာတာလား။ ဘာကိုမှ မခံယူထားတဲ့ ဘာသီအိုရီတွေမှ မရှိတဲ့ လူတစ်ယောက်မှာ ဘာအနုပညာမှ မရှိတော့ဘူးလား ဆိုတာကိုလည်း စဉ်းစားကြည့်ဖို့ လိုမယ်ထင်ပါတယ်။
မည်သည့် အနုပညာဖန်တီးမှု လက်ရာမဆို လူ့ယဉ်ကျေးမှု၊ လူ့အကျိုးစီးပွားတိုးတက်မှုကို ပံ့ပိုးထောက်ကူနိုင်ရမည်။ မည်မျှပင် အနုပညာလက်ရာ မြောက်ပါစေ အတွေးအမြင် အဟာရချို့တဲ့ပြီး စိတ်ဓာတ်ခွန်အား ချည့်နဲ့နေလျှင် ဈေးသည်လေး၏ အရောင်ဆိုးထားသော ရောင်းကုန်ပစ္စည်းများနှင့် ဘာများ ခြားနားဦးမည်နည်း။
(Source: အောင်ထင်ဝင်း၊ အခွံ အကာ နှင့် အဆီ အနှစ်၊ ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း၊ အတွဲ (၂၄) အမှတ် (၉)၊ ၂၀၀၈ စက်တင်ဘာလ)
Everything has its beauty but not everyone sees it.
(Confucious)
Is truth relative? ဆိုတဲ့စကားလေးကို ကြားဖူးမယ်ထင်ပါတယ်။ အမှန်တရားကိုတောင် သံသယ၀င်နေမှတော့ ဘယ်ခံယူချက်ကို အမှန်လို့ ယုံကြည်ကြမှာလဲ ဆိုတဲ့ အငြင်းအခုန် ပြုမှုတွေ တော်တော်လေး ခေတ်စားခဲ့ဖူးပါတယ်။
ကြည့်သူရဲ့ ရှုထောင့်ပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်တဲ့ `ကြိုက်တယ်၊ နှစ်သက်တယ် ဆိုတဲ့ စကားလုံးတွေနောက်ကို လိုက်ပြီး အနုပညာကို ပြောင်းလဲ ဖန်တီးရမှာလား။ အနုပညာဟာ ထည့်တဲ့ခွက်ကို လိုက်ပြီးပြောင်းလဲရတဲ့ အရည်တွေရဲ့ သဘောသဘာဝမျိုး ရှိပါသလား။
`လေးသည်တော်ကောင်း တစ်ယောက်၏ ကျော်ကြားခြင်းသည် သူ၏မြားကြောင့်မဟုတ်၊ သူ၏ ချိန်သားကိုက်မှုကြောင့်ဖြစ်သည်... `မြား´ ပြဿနာထက် ချိန်သားကိုက်အောင် ပစ်နိုင်စွမ်းစေမည့် `အနုပညာအရည်အချင်း´ ပြဿနာက ပိုအရေးကြီးသည်´ ဟု ဆရာတာရာမင်းဝေက ပြိုင်မြင်းတို့ရဲ့ ခွာသံမှာ ရေးသားထားပါသည်။
မေးခွန်း (၄) အနုပညာသမားတိုင်း ခံစားချက်၊ ခံယူချက်ရှိပါသလား။
Art has never been made while thinking of art
(Niko Stumpo)
ဟန်ရေးပြ ဖန်တီးတာမဟုတ်ဘဲနဲ့ ရင်ဘတ်ထဲက တကယ်ထွက်လာတာဆိုရင် အနုပညာဖြစ်တယ်လို့ တချို့က သတ်မှတ်ထားပါတယ်။ `နားရွက်နဲ့ သီဆိုမှ အနုပညာမြောက်မယ်ဆိုရင် နားရွက်နဲ့ပဲ ဆိုပါမယ်´ ဆိုပြီး အဆိုတော် ကိုထူးအိမ်သင်က ပြောသွားခဲ့ဖူးပါတယ်။ နှာခေါင်းနဲ့ ပုလွေမှုတ်ပြတာ၊ ချိုင်းကြားထဲ လက်ညှပ်ပြီး နှဲမှုတ်သံမျိုး ဖန်တီးပြတာ စတာတွေကို အထူးအဆန်းတွေပြတဲ့ တီဗွီအစီအစဉ်တစ်ခုမှာ ကြည့်ဖူးပါတယ်။ အနုပညာလား အဆန်းပညာလား ဝေခွဲရခက်သွားပါတယ်။
`ရှိခြင်းနဲ့ မရှိခြင်းကို ခံစားနိုင်တာ အနုပညာသမား´ လို့ ကိုပီကေက `ရှိခြင်း၊ မရှိခြင်း နှင့် လူ´ ဆိုတဲ့ ပို့စ်လေးမှာ ရေးထားပါတယ်။
(Source: http://pikay.myanmarbloggers.org/2007/12/blog-post_03.html)
လောကမှာ အနုပညာဆိုတာကို လူကပဲသိတာပါ။ လူကပဲခံစားတတ်တာပါ... ...
လောကကြီးထဲမှာ အနုပညာဆန်ဆန်ဖြစ်ပျက်သမျှ အရာတွေဟာ လူကခံစားတယ်လို့ ထင်ရှားနေတာချည်းပဲ။ လူကသာ မခံစားရင်၊ မသတ်မှတ်ရင် အနုပညာဆိုတာ မရှိပါဘူး။ အရာအားလုံးဟာ သူ့သဘောသူဆောင်ပြီး ဖြစ်နေကြတာ ချည်းပါပဲ။
(တာရာမင်းဝေ၊ ပြိုင်မြင်းတို့ရဲ့ ခွာသံ)
ငယ်ငယ်က
ကြားဖူးတဲ့ပုံပြင်တစ်ပုဒ်မှာ
မြန်မာတွေနဲ့
တရုတ်တွေ
ပန်းပုပညာပြိုင်တဲ့အခါ
သပွတ်သီးခြောက်ကို
ဆေးသုတ်ပေးပြီး
မြန်မာတွေက
အနိုင်ယူသွားတဲ့
အကြောင်းလေးကို
သတိရမိပါတယ်။
အဲဒီကနေဆင့်ပွားပြီး
မေးခွန်းတစ်ခုကို
တွေးကြည့်မိပါတော့တယ်။
မေးခွန်း
(
၅
)
ခံစားချက်၊
ခံယူချက်တွေမပါဘဲနဲ့ကော
အနုပညာကို
ဖန်တီးလို့
မရနိုင်ဘူးလား။
Not only can we create art, art creates us
(Maria Eskenasy)
အနုပညာတစ်ခုဟာ နှလုံးသားက ပေါက်ဖွားလာတာလား။ Gifted, Talented ဆိုတဲ့ ပါရမီတွေ၊ အထုံတွေပါမှ ဖြစ်လာတာလား။ ဦးနှောက်နဲ့ နှလုံးသားဆိုပြီး ရှိတဲ့နေရာမှာ ဘယ်အရာက အနုပညာကို ဖန်တီးတာပါလဲ။ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ဘ၀အနုပညာဆိုတာ ဖြစ်တည်လာတာလား။
Oxford
Dictionary မှာတော့ Art ဆိုတာ...
'The application of creative skills and imagination to express ideas or feelings' လို့ အဓိပ္ပာယ်ဖွင့်ထားလေရဲ့။
ဘာပဲဖြစ်ဖြစ်ပါ။ အနုပညာ၏ အသက်ဆိုသည် ဆန်းသစ်တီထွင်မှု ဖြစ်ပါသည်။ အတုမြင် အတတ်သင် (တင်သွင်း) မှု များလည်း အကျုံးဝင်ပါသည်။ နောင်လည်းထွင်၊ သင်နေကြရဦးမည်သာ ဖြစ်သည်။ ဟောင်းတာကဲပြီး ဆိုးတာနည်းအောင် အားထုတ်ကြရပါမည်။ စတန့်ထွင်လွန်ကဲသွားလျှင်တော့ ကြောင်သွားတတ်သည့် သဘောရှိပါသည်။ ဒါကလည်း ပြဿနာမဟုတ်ပါ။ အနုပညာဆိုသည်ကား ရူးသွပ်ခြင်းတစ်မျိုးပင် မဟုတ်ပါလား။ ကြိုက်သူရှိလျှင် သုံးဆောင်ကြလိမ့်မည်၊ လိုက်သူရှိလျှင် လမ်းဖြစ်သွားလိမ့်မည်။ ခေတ်၏ ရွေးခြယ်မှု အဖြစ်သမို့ အချိန်ကာလက အဆုံးဖြတ်ပေးသွားပါလိမ့်မည်။
(Source:
အောင်ထင်ဝင်း၊
အခွံ
အကာ
နှင့်
အဆီ
အနှစ်၊
ရုပ်ရှင်တေးကဗျာ
ရသစုံမဂ္ဂဇင်း၊
အတွဲ
(
၂၄
)
အမှတ်
(
၉
)
၊
၂၀၀၈
စက်တင်ဘာလ
)
`
တအားကြီး မျက်စိမှိတ် ရူးသွပ်လို့လည်း အောင်မြင်မှု မရနိုင်ဘူး။
မဖြစ်နိုင်ပါဘူး။ အခုပြောတဲ့ ကံ၊ ဥာဏ်၊ ၀ီရိယ အဲဒီသုံးမျိုးတော့
ပါမှရမယ်။ မလွဲမသွေ ပါရမယ်ဗျာ
´
လို့
ရော့ခ်အဆိုတော်
ကိုလေးဖြူက
အင်တာဗျူးတစ်ခုမှာ
ဖြေသွားဖူးပါတယ်။
(Source: http://rockienet.ning.com/page/2401392:Page:1649)
ဆက်ရန်...
(စာကြွင်း။ ဒီ
ဆောင်းပါး
နဲ့ပတ်သက်ပြီး ဘလော့ဂါတွေဖြစ်တဲ့... မပန်ဒိုရာ၊ အံ့ဘုန်းမြတ်၊ တောကျောင်းဆရာ၊ လမ်းအိုလေး တို့ကို ကျေးဇူးတင်လိုပါသည်။ ဒီမေးခွန်း၊ ဒီစိတ်ကူးများကို ရဖို့ သူတို့ဘလော့ဂ်က ပို့စ်တွေက ကျွန်တော့်ကို အများကြီး အထောက်အကူဖြစ်စေခဲ့ခြင်းကြောင့်ပါ။)
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
Posted by
Admin
on Wednesday 24 June 2009 - 12:53:38 |
Comment(s): 0
Search Law Ka Ahla
Last Update
Last Update: Lawka Ahla
27 Jul
ဖြစ်တတ်သော...
24 Jul
မိုးစံပယ် ဝယ်ပါဦး
23 Jul
ကလေးများ၏ အနာဂတ်
23 Jul
ဒီလိုနဲ့ဝေးသွားကြတာပါပဲ။
23 Jul
အဆုံးသတ်
23 Jul
ဒဂုံတောင်
17 Jul
ဖြူသန့်စင်ကြယ် ကလေးငယ်
17 Jul
သူမကို မုန်းတယ်
လောကအလှ
ဧည့်မှတ်တမ်း
စာမူပေးပို့လိုလျှင်
အယ်ဒီတာအဖွဲ့ 
Ads
This site is powered by
e107
, which is released under the terms of the
GNU
GPL License.