Content
မူလစာမျက်နှာ
အယ်ဒီတာစကား
အတွေးအမြင်
အက်ဆေး
ဟာသ
ကဗျာ
ဆောင်းပါး
ဝထ္တုတို
အင်တာဗျူး
ကျန်းမာရေးကဏ္ဍ
ပညာရေးကဏ္ဍ
ကွန်ပျူတာကဏ္ဍ
ဓာတ်ပုံပြခန်း
အမျိုးသားရေးရာ
အမျိုးသမီးရေးရာ
ပန်းချီ
ဂီတအနုပညာ
ဓာတ်ပုံဒိုင်ယာရီ
ကလေးများအတွက်ကဏ္ဍ
လောကအလှသူငယ်ချင်းများ
MYANMAR EGRESS
Welcome
Username:
Password:
Remember me
[
Signup
]
[
Forgot password?
]
Online
Guests: 3, Members: 0 ...
most ever online: 44
(Members: 1, Guests: 43) on 10 Mar : 14:04
Members: 728
Newest member:
angelnwe
အယ်ဒီတာ စာရေးဆရာမ တစ်ဦးနှင့်တွေ့ဆုံခြင်း
Mandalay
Icon Magazine
ရဲ့  အယ်ဒီတာ ဖြစ်တဲ့ ဆရာမ ချောအိမာန် နဲ့ လောကအလှ တို့ စကားပြောဖြစ်ခဲ့ပါတယ်။
ဘယ်အချိန်က စလို့ စာတွေ ရေးခဲ့တာပါလဲ။
စာရေးတာက ငယ်စဉ်ကတည်းက ၀ါသနာပါတာ။ စာ စရေးဖြစ်တာက ခုနှစ်တန်း၊ ရှစ်တန်းလောက်မှာ ဗလာစာအုပ်ထဲ ရေးတာပေါ့။ မဂ္ဂဇင်းကိုတော့ မပို့ပါဘူး။ နောက်မှ
၁၉၉၈ ကျတော့မှာ မေတ္တာရှင် မဂ္ဂဇင်းမှာ “နှောင်ကြိုးမဲ့”
ဆိုတဲ့ ပထမဦးဆုံး ပုံနှိပ်စာမူ ၀ထ္ထုတို စတင် ပါခဲ့ပါတယ်။
မြန်မာစာကို နှံ့စပ်တဲ့သူ တစ်ယောက်ဆိုတော့ ဘယ်ဘာသာတွဲနဲ့ ကျောင်းမှာ သင်ယူခဲ့တာပါလဲ။
အဝေးသင်တက္ကသိုလ် (မန္တလေးတက္ကသိုလ်) မှာ မြန်မာစာ အဓိက ဘာသာတွဲနဲ့ ကျောင်းပြီးပါတယ်။
မြန်မာစာပေကို ရေးနေတော့ မြန်မာစာပေကို ဘယ်လို လေ့လာခဲ့တာပါလဲ။
အထက်တန်းအောင်တော့ မြန်မာစာ အမှတ်က အများဆုံး ဖြစ်နေတယ်။ ကျောင်းနေစဉ် ကတည်းက စာစီစာကုံးတွေ ရေးရတာကို ၀ါသနာပါတယ်။ ဒါကြောင့် မြန်မာစာကို အဓိကဘာသာတွဲ အဖြစ်ယူလိုက်တယ်။ မြန်မာစာပေကို မြတ်နိုးတယ် ဆိုပေမယ့် အထူးတလည် လေ့လာ လိုက်စား ခဲ့တာတော့ မရှိပါဘူး။ မြန်မာဘာသာရပ်ဆိုင်ရာ စကားတွေ၊ တစ်ဒေသနဲ့ တစ်ဒေသ မတူတဲ့ ဝေါဟာရတွေ၊ ဘန်းစကားတွေ အသုံးအနှုန်းတွေကိုတော့ ဖတ်ဖြစ်တယ်။ ၀ထ္ထုရေးတဲ့အခါ အထောက်အကူ ရတယ်။
စာရေးသူ ဆရာမတစ်ယောက်အနေနဲ့
ခံယူချက်ကို ပြောပြပေးပါလား။
ကျွန်မရဲ့ ငယ်စဉ်ကတည်းက အိပ်မက်ဟာ စာရေးဆရာမ ဘ၀ပဲ။ အလှမ်းဝေးလွန်းတာကြောင့် ဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး။ ကျွန်မရဲ့ ဖြစ်ချင်တဲ့ စိတ်အားသန်မှုကြောင့် စာရေးတဲ့သူ ဘ၀ကို ရခဲ့တယ်။ အဲဒီ အပေါ်မှာ ကျွန်မ ကျေနပ်တယ်။ အဓိက ကျွန်မ စာတွေရေးတဲ့အခါ လူငယ်တွေ အတုယူမှားစရာ၊ အဆိပ်အတောက် မဖြစ်စေဖို့ အထူး ဂရုစိုက်ပါတယ်။ ကျွန်မ ရေးသားတဲ့ စာတွေကြောင့် အသိတစ်ခု၊ တစ်စုံတစ်ရာ ရသွားနိုင်တယ် ဆိုရင် ကျွန်မအတွက် ၀မ်းသာပီတိ ဖြစ်စရာပါ။ စာရေးသူရဲ့ စိတ်စေတနာဟာ အဖြူထည် ဖြစ်ဖို့တော့ လိုပါတယ်။ ဒါမှလည်း စာကောင်း ထွက်မှာပါ။ အဲဒီ ခံယူချက်နဲ့ စာရေးပါတယ်။
အယ်ဒီတာတစ်ယောက်အနေနဲ့ကရော...ဘယ်လို ခံယူပြီး လုပ်ဆောင်နေပါသလဲ။
စာရေးတာကို ဘယ်အချိန် ပြီးရမယ်လို့ ပုံသေ ချမထားခဲ့ဘူး။ စာအုပ် တစ်အုပ်ကို ပြီးမြောက်ဖို့ အယ်ဒီတာ လုပ်ရတဲ့အခါ အချိန်နဲ့ အတူ တာဝန် ယူရမှုတွေ ပါလာပြီ။ ခံယူချက်က စာအုပ် အရည်အသွေးတင်မက ပါဝင်တဲ့ ကဏ္ဍတွေကို ကောင်းအောင် စဉ်းစားရတယ်။ စာအုပ်ကို ကောင်းသည်ထက် ကောင်းအောင် စာဖတ်သူတွေ ပိုပြီး လက်ခံလာနိုင် အောင် ကြိုးစားရမှာပါ။ အဲဒီလို Group နဲ့ လုပ်ဆောင်ရ တဲ့အခါ ၀န်ထမ်းတွေလည်း ခံယူချက် ကိုယ်စီ၊ အယ်ဒီတာအပိုင်း၊ စီစဉ်သူ အပိုင်း၊ အားလုံးဟာ ခံယူချက် ကိုယ်စီနဲ့ တက်ညီ လက်ညီ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
စာရေးဆရာ တစ်ဦး နဲ့ အယ်ဒီတာ တစ်ဦး ရဲ့ လုပ်ငန်းတာဝန်တွေ ကွာခြားချက်ရှိပါသလား။ ပြောပြပေးနိုင်ပါမလား။
စာရေးသူဟာ ကိုယ့်စာ ကိုယ် ပိုင်တယ်။ ကိုယ့်ဇာတ်ကောင် ကိုယ် ပိုင်တယ်။ ကိုယ့်လက်ထဲမှာ လိုရာ ပုံသွင်းယူလို့ရတယ်။ အယ်ဒီတာပိုင်းကျ စာအုပ် တစ်အုပ်လုံး အပိုင်းကို တာဝန်ယူထားရတယ်ဆိုတော့ အများကြီးပေါ့။ သူ့ကဏ္ဍနဲ့ သူ တာဝန်ယူထားတဲ့သူတွေ အားလုံး သတ်မှတ်ရက်အတွင်း အပြီး လုပ်နိုင်ရင် ပြီးသွားတာပါပဲ။ စာမူပိုင်း၊ ဒီဇိုင်းပိုင်း၊ ကြော်ငြာပိုင်း၊ ဓာတ်ပုံပိုင်းတွေ၊ သတင်းပိုင်းတွေ အသီးသီး စိစစ်ရတယ်။ ကိုယ့်မှာ အားနည်းချက် ရှိနေသေးရင် စာအုပ် ထွက်လာရင် အမှားများမယ်။ မကောင်းဘူးပေါ့။ တစ်အုပ်ထက် တစ်အုပ် နောက်အုပ်ကျရင် ဘယ်လိုလုပ်ရင် ကောင်းမယ် ဆိုတဲ့ သင်ခန်းစာ ရတယ်။ ပုံနှိပ်တဲ့ဘက်မှာ အားနည်းချက် ရှိရင်လည်း အဆင်မပြေဘူး။ ဒါကြောင့် တစ်ဦးတည်း လုပ်ရတာ မဟုတ်တဲ့အတွက် စာရေးတာလောက် မလွတ်လပ်ဘူးပေါ့။ မဂ္ဂဇင်းစာအုပ် ထွက်လာတဲ့ အချိန်ကျပြန်တော့လည်း ကျေနပ်တာလေးတွေ ရှိသလို၊ လိုနေတာလေးတွေလည်း တွေ့နေရဆဲပါ။
ခုလောလောဆယ် ဘာတွေ လုပ်နေပါသလဲ။
ခုလောလောဆယ်မှာ “ မိုးမာန် စိတ်ကြိုက် မြန်မာဝထ္ထုတိုများ”
စာရေးဆရာစုံ ပါဝင်မယ့် ၀ထ္ထုတို ပေါင်းချုပ်စာအုပ် ၂၀၀၉ ထဲမှာ ထွက်နိုင်ဖို့ စိစစ်ရေး တင်ထားပါတယ်။ အဲဒီနောက်မှာ စာအုပ်တိုက်သစ် တစ်ခုနဲ့ နောက်နှစ် ချစ်သူများနေ့ အမှီ ထွက်ဖို့ ကျွန်မရဲ့ အချစ်ဝထ္ထုတိုများ စာအုပ် စစီစဉ်နေပါပြီ။ အပုဒ်ရေ နည်းနည်းနဲ့ လူငယ်တွေ အတွက် အဓိက ရည်ရွယ်ထားပါတယ်။ အဟောင်းနဲ့ အသစ် ရောလျက်ဖြစ်မယ်။ နိုင်ငံခြားမှာလို သယ်ဆောင်လို့ လွယ်ကူတဲ့ စာအုပ်ပုံစံ အချိုးလေးကို ဒီဇိုင်းနဲ့ လုပ်ဖို့ စိတ်ကူးထားတယ်။ မဂ္ဂဇင်းပိုင်းက Icon မတ်လ အတွက် စီစဉ်နေပါတယ်။
အနာဂတ် အစီအစဉ်လေးတွေ ပြောပြပေးပါဦး။
ကျွန်မရဲ့ အနာဂတ်ကတော့ စာပေနဲ့ ပတ်သက်တဲ့ လုပ်ငန်းပဲ လုပ်ဖြစ်မှာပါ။ မြန်မာဝထ္ထုတိုတွေကို နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာတွေဟာ ဖတ်ချင်တဲ့ အာသီသ ရှိကြတယ်။ နောက် စာအုပ် ဈေးကွက်နဲ့ဆို မြန်မာစာပေကို ကိုယ့်နိုင်ငံတင်မကဘဲ အခြားနိုင်ငံ အသီးသီးကိုပါ ရောက်ရှိ ပျံ့နှံ့ စေချင်တယ်။ ဒါ့ကြောင့် “မိုးမာန် စိတ်ကြိုက် မြန်မာဝထ္ထုတိုများ” စာအုပ်ကို အခြားနိုင်ငံတွေ အထိ ဖြန့်ဖို့ စီစဉ်ထားပါတယ်။ စိတ်ကူးထဲမှာတော့ စာအုပ် ထုတ်ဝေရေး လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တယ်။ အဲဒါကြောင့် အနာဂတ်မှာ အကောင်အထည် ဖော်ဖြစ်အောင် ကြိုးစားကြည့်မယ်။ စာဘက်မှာတော့ ရသတွေ ဆာလောင်နေကြတဲ့ အတွက် ရသဘက်ကို ပိုစောင်းရေးဖြစ်တယ်။
အလုပ်တစ်ခု လုပ်တယ်ဆိုရင် အကောင်း ၊ အဆိုးကတော့ ဒွန်တွဲနေတာပါပဲ။ အဆိုးကြုံရတာတွေရော ရှိပါသလား။
ဘယ်အလုပ်မဆို အကောင်း၊ အဆိုးက အမြဲ ဒွန်တွဲ နေပါတယ်။ အဆိုးတွေချည်း မကြုံရသလို၊ အကောင်းတွေချည်းလည်း ကြုံရမှာ မဟုတ်ပါဘူး။ ကိုယ် လုပ်နေတဲ့ အလုပ်ဟာ ၀ါသနာပါပြီး စိတ်ဝင်စားတဲ့ အလုပ်ဆိုရင် ပိုကောင်းပါတယ်။
စိတ်ဖိစိးမှုတွေ ကြုံရရင် ဆရာမ အနေနဲ့ ဘယ်လို ပြေပျောက်အောင် လုပ်ပါသလဲ သိပါရစေ။
စိတ်ဖိစီးမှု ရှိတာဟာ တစ်ခုခု အဆင်မပြေလို့ပါ။ အဲဒီ အဆင်မပြေတာ တွေကို ပြေအောင် ဖြေရှင်းလိုက်ရင် သက်သာသွားမှာပါ။ အဓိက က စိတ်ဖိစီးမှုတွေ များများ သယ်ဆောင် မထားဖို့ပါပဲ။ များသောအားဖြင့် ကျွန်မ ပျော်အောင် နေဖြစ်တာ များတယ်။
ဆရာမ အားလပ်ချိန်မှာ ဘာတွေ လုပ်ပါသလဲ။
သီးသန့် အားလပ်ချိန်ဆိုတာ မရှိသလောက်ပဲ။ ဒါပေမယ့် အားနေချိန်မှာ ကိုယ် ၀ယ်စရာ ရှိတာတွေ ထွက်ဝယ်တယ်။ စာဖတ်တယ်။ စာရေးတယ်။ အင်တာနက်သုံးတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ သီချင်းဆိုဖြစ်တယ်။
ယနေ့ခေတ် လူငယ်တွေအပေါ် ဆရာမရဲ့ အမြင်ကို သိပါရစေလား။
ဒီနေ့ ခေတ်လူငယ်တွေကို ကြည့်ရတာ အားရတဲ့ လူငယ်တွေ ရှိသလို အားမရတဲ့ လူငယ်တွေကိုလည်း တစ်လှေကြီး တွေ့နေရတယ်။ ဥပမာ ပညာရေး ဆိုပါတော့။ အားရ
တဲ့ ကျောင်းတွေက လူငယ်တွေရဲ့ တိုးတက်မှုနှုန်း၊ အသိဥာဏ်တွေက အားရစရာကောင်းပြီး တချို့ ကလေးတွေကျ တာဝန်အရ တစ်နှစ် တစ်တန်းသာ အောင်လာတယ်။ သူတို့တွေရဲ့ ဦးနှောက်ထဲ ဘာမှ ပါမလာဘူး။
တစ်နေရာနဲ့ တစ်နေရာ မညီမျှဘူး။ ပိုက်ဆံ ရှိတဲ့သူတွေရဲ့ သား သမီးတွေ ကျောင်းကောင်းမှာ ထားနိုင်တဲ့ အတွက် နိုင်ငံတကာ အဆင့်မီတယ်။ အတွေးအခေါ်တွေကစ တော်တော် ကွာခြားသွားတယ်။ သင်ရိုးတွေကလည်း ကွာတယ်။ အပြင်မှာပါ အထောက်အကူပြုနိုင်တဲ့ အရေးပါတဲ့ သင်ရိုးတွေ ဖြစ်တာဟာ အားကျစရာပါ။
စာပေဘက်ကို ကြည့်မယ်ဆိုရင်လည်း ဒီနေ့ ခေတ်လူငယ်တွေ ဘာတွေ အဖတ်များနေသလဲ။ ပေါ့ပေါးပါးပါးနဲ့ ဖက်ရှင်ရေစီးကြောင်းတွေ၊ အချစ်ဝထ္ထု၊ ဟာသ၊ သရဲ တစ္ဆေ နောက် စီးမျောသွားကြပြီး ခေတ်ရဲ့ တောင်းဆိုမှု အရ စီစဉ်ထုတ်ဝေသူတွေကလည်း စီးပွားရေးအရ တွင်ကျယ်စွာနဲ့ စောင်းပေး လုပ်လာကြတယ်။
လုံးချင်းလိုင်းတွေမှာ အများဆုံးတွေ့လာရတယ်။ ကလောင်ကွဲပြီး စာမူတွေ ချွတ်စွတ်တူနေတာတွေ၊ စာဖတ်သူကို လှည့်စားထားတာတွေကို သိလျက်နဲ့ တချို့ လူငယ်တွေ အဲဒီထဲမှာ စီးမျောနေကြသေးတယ်။ တချို့ လူငယ်တွေကျ ကျွန်မတို့ထက် စာဖတ်အား ကောင်းလို့ ချီးကျူးရပြန်တယ်။
ဘာပဲပြောပြော လူငယ်ဆိုတာ ခေတ် တစ်ခေတ်ရဲ့ လမ်းပြ မဏ္ဍိုင်တွေပါပဲ။
ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူငယ်ပီပီ အမြဲ တက်ကြွပြီး ဖြစ်ချင်တဲ့ စိတ်တွေတော့ တအား ရှိကြပါရဲ့။ နည်းလမ်းနဲ့ စနစ်တွေ မသိကြသလိုပဲ။ စနစ်ဇယားလေးနဲ့ ရပ်တည် လမ်းညွှန်မှု ကောင်းရင် လူငယ်တွေ ဒီ့ထက် တိုးတက်လာမှာပါ။
စာဖတ်သူများကို ဘာများ အမှာစကား ပြောချင်ပါသလဲ။
စာဖတ်သူများကို ပြောချင်တာက စာဖတ်တဲ့သူဟာ အများအလယ်မှာ ပွဲလယ်တင့်ပါတယ်။ စာဖတ်သူရဲ့ နှုတ်မှာ အမြဲ ပြောစရာ စကား ရှိနေပါတယ်။ ဘ၀ကို အကောင်း အဆိုး ခွဲခြားပေးပြီး အတုယူရမယ့် လက်တွဲဖော်လည်း ဖြစ်ပါတယ်။ အခြားနိုင်ငံရောက် စာဖတ်ပရိသတ်များကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ ရင်းနှီးနွေးထွေးစွာ အကြံပြု ဖို့လည်း ဖိတ်ခေါ်ပါတယ်။
အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့ ဆရာမ ချောအိမာန်ကို လောကအလှမှ များစွာ ကျေးဇူးတင်ရှိပါတယ်။
Posted by
phonemyinthtan
on Friday 27 February 2009 - 10:09:08 |
Comment(s): 0
Search Law Ka Ahla
Last Update
Last Update: Lawka Ahla
27 Jul
ဖြစ်တတ်သော...
24 Jul
မိုးစံပယ် ဝယ်ပါဦး
23 Jul
ကလေးများ၏ အနာဂတ်
23 Jul
ဒီလိုနဲ့ဝေးသွားကြတာပါပဲ။
23 Jul
အဆုံးသတ်
23 Jul
ဒဂုံတောင်
17 Jul
ဖြူသန့်စင်ကြယ် ကလေးငယ်
17 Jul
သူမကို မုန်းတယ်
လောကအလှ
ဧည့်မှတ်တမ်း
စာမူပေးပို့လိုလျှင်
အယ်ဒီတာအဖွဲ့ 
Ads
This site is powered by
e107
, which is released under the terms of the
GNU
GPL License.